မူလစာမျက်နှာ

Monday, March 12, 2012

မကောင်းကြောင်းဘဲ ပြောတော့မှာလား

   


  ဒေါ်လာရဖို့အတွက် ကိုယ့်နိုင်ငံကြောင်း မကောင်းတာ အကုန်ရေးနေသူတို့ အနေနဲ့ ကောင်းတာလေး တစ်ခု နှစ်ခု လောက်တော့ ရေးသင့်ပါတယ်။ စီးပွားရေး က စီးပွားရေး တစ်ပိုင်းဆိုပေမယ့်၊ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံ ပါပဲ။ ဘယ်လောက် နိုင်ငံသားခံယူ ခံယူ မြန်မာဟာ မြန်မာပါ။ အကြိမ်ပေါင်းများစွာ နိုင်ငံတကာ အလယ်မှာ အမိနိုင်ငံကို သိက္ခာချခဲ့ပြီးပြီ။ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်ကိုဦးတည်နေတယ်၊ ဘယ်လောက်ထိရောက်တယ်၊ အကျိုးဆက်ကို ဘယ်သူတွေခံစားရတယ်၊ နိုင်ငံတော်အတွက် အတွက် အလုပ်လုပ်နေတယ် ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်ကို နိုင်ငံတကာက ဘယ်လိုမြင်အောင်လုပ်နေလဲ ဆိုတာကို ဖြေးဖြေးလေးပဲ စဉ်းစားကြည့်ပါ။ ဘယ်သူတွေ ဘယ်လိုပဲရေးနေရေးနေ၊ ဘယ်လိုပဲလုပ်နေလုပ်နေ။ အဲ့ဒီထဲမှာ ကိုယ်တိုင် မပါအောင် ထိန်းသိမ်းပါ။ နှစ်ပေါင်းများစွာ ဒေါ်လာစား အတိုက်အခံမီဒီယာတွေရဲ့ ကြိုးစားသမျှ ရလဒ်တွေကိုကြည့်ပါ။


http://www.google.com/images?as_q=myanmar&hl=en&gbv=2&btnG=Google+Search&as_epq=&as_oq=&as_eq=&as_sitesearch=&safe=images&as_st=y&tbs=isch:1,itp:photo

Tuesday, March 6, 2012

ခ၇ီး ဘယ်သူပိုေ၇ာက်မလဲ

အတိုက်အခံတွေအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားခဲ့ပေမယ့် ခုထိ ရှေ့ကို တစ်လှမ်းမှကို မရောက်သေးပါဘူး။ အတိုက်အခံတွေရဲ့ အောင်မြင်မှု ဘယ်မှာလဲ၊ ဘာလဲ ဆိုတာ ပြစရာ တစ်ကွက်မှကို မရှိပါဘူး အောင်မြင်မှု သေးသေးလေးတောင် မရှိပါဘူး။ ပြည်တွင်းက အပြစ်မဲ့ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်ရတာနဲ့ နိုင်ငံသိက္ခကျတာပဲ အဖက်တင်တယ်။ အထူးသဖြင့် ပြည်ပကနေ လေနဲ့ တိုက်ပွဲဝင်နေသူတွေ၊ ဘလော့ပေါ်ကနေ ကီးဘုတ်နဲ့ တိုက်ပွဲဝင်နေသူတွေအနေနဲ့ သံဝေဂ တွေလည်း ရသင့်ပါပြီ။

အဝေးကနေ လေးထောင့် ဘီးကြီးပေါ်ထိုင်ပြီး ပြည်တွင်းကလူတွေကို အမျိုးမျိုးဆူအောင်လုပ်၊ ပျက်စီးအောင် လုပ်နေတဲ့ ရှေ့မရောက်တဲ့နည်းလမ်းတွေ၊ အစိုးရလုပ်သမျှ အပြစ်ထိုင်ပြောနေတဲ့ နည်းလမ်းတွေလည်း ဘယ်ပြည်သူကမှ အယုံအကြည်မရှိတော့ပါဘူး။ ကိုယ့်သက်သာမှု ကိုယ်ရှာပြီး အစွမ်းအစ မရှိလို့ လေးထောင့်ဘီး ပေါ်ထိုင်ချင်ထိုင်နေပါ။ ဖြေးဖြေးသွားနေတဲ့လူတွေကိုတော့ မိန်းမတစ်ယောက်လို အတင်းချမနေပါနဲ့တော့။ တကယ် အရည်အချင်း ရှိရင် ဒီထက်ကောင်းပြီး ရှေ့ရောက်မယ့် နည်းလမ်းနဲ့ သက်သေပြပါ။ ကိုယ်တိုင် ဝင်လုပ်ပြီး သက်သေပြပါ။ ပြည်သူတွေ ယုံကြည်လက်ခံ လာအောင် သက်သေပြပါ။ အဝေးကနေ လေနဲ့ အော်နေတာတွေ၊ စာရေး တိုက်ခိုက်နေတာတွေ ရပ်ပြီး လူကိုယ်တိုင် သွားလှုပ်ရှားကြပါ။ အင်တာနက်ပေါ်မှာပဲ သူရဲကောင်း လုပ်မနေကြပါနဲ့တော့ ဒီမို အတိုက်အခံ လေတိုက်ပွဲဝင် အပေါင်းတို့.....။

ဒေါ်လာစားတို့ရဲ့ Hero



၁။ အစိုးရကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ နေ့ချင်း၊ ညချင်း ထောင်ကျခဲ့လျှင် မဟာသူရဲကောင်းဖြစ်၍ ခေါင်းစဉ်မျိုးစုံဖြင့် ဆုတံဆိပ်များစွာ ရရှိသည်။ မည်သည့်မျိုးနွယ်ဖြစ်စေ၊ မည်သည့်အလုပ်တွေ လုပ်ခဲ့သည်ဖြစ်စေ အရေးမကြီး။ ထိုသူ၏ ဂုဏ်ပုဒ်ကို ဒေါ်လာစား အတိုက်အခံဘလော့အားလုံးက ဘုမသိ၊ ဘမသိ ချီးကျူး ထောပနာ ပြု ရေးသား ဖော်ပြကြသည်။

ဒေါ်လာစား ဘလော့ဂါ တစ်ယောက်နှင့်တွေ့ဆုံခြင်း




Q - အစ်ကို့ နာမည်လေး အရင် မိတ်ဆက်ပေးပါအုံး
A - သွင်ကိုကို ပါ


ဒေါ်လာစားတို့ ရဲ့ ၀ါဒီ



မိမိဟာ ပညာမတက်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ်နေပါစေ၊ ကိုယ့်နိုင်ငံထဲမှာ အဆင်မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆိုရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကုနိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ်နေရသူဖြစ်ပစေ၊ ပြည်သူ့အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်းမလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန်သုံးသပ်မှုတွေ လုပ်ပေးရမယ်။