myanmarexpress မှကူးယူဖော်ပြ။
Monday, April 9, 2012
Wonder Girl ? Nobody but you.
myanmarexpress မှကူးယူဖော်ပြ။
Monday, March 26, 2012
နာဇီ နဲ့ NLD
မိတ်ဆွေတို့ ကျုပ်နာမည်က ဗန်နေလွယ် ၊ တိုင်းရင်းသားတစ်ယောက်ပါ ၊ ကျုပ်ပြောစရာရှိလို့ ဒီစင်ပေါ်ကိုတတ်လာတာ --------
နာဇီခေါင်းဆောင် ဟစ်တလာ ရဲ့ အမှတ်တံဆိပ်`` စင်္ကြာ`` ကိုလူတွေအားလုံး နှခေါင်းရှုံ့ ရွံရှာကြတယ် ၊ ဘာလို့လဲ ?????? သူသတ်ခဲ့တဲ့ အကြမ်းဖက်မှု လူမျိုးပျောက်လူသတ်မှုကြီးတွေကြောင့် ကျူပ် ကမ္ဘာသမိုင်း ဆွေးနွေးမှာမဟုတ်ဘူး ၊ ဥပမာပြောနေတာ -
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၂ )
From : တပ်မတော်သားတစ်ဦး
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ ) မှ အဆက်
အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း

`` တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ´´ ဆိုတဲ့ ဆောင်ပုဒ်ဟာ နိုင်ငံရေးနှင့် ပတ်သက် လာရင် တပ်မတော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခုဖြစ်ပါ တယ်။ မျက်မှန်စိမ်း အတပ်ခံ ထားရသူတွေ နားလည်အောင် ထပ်မံ ရှင်းပြရရင် တပ်မတော်က ထမ်းဆောင်နေတဲ့ အမျိုးသားရေး ဆိုတာ နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေမည့် မူဝါဒများဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါးဖြစ်ပါတယ်။ အမျိုးသားရေး မူဝါဒအပေါ် အခြေခံပြီး နိုင်ငံတော် ရဲ့ အမျိုးသား ရည်မှန်းချက်ဖြစ်တဲ့..
ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ )
ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ် တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။
တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလို သဘောထားတွေ ရှိနေတယ် ဆိုတာ ကိုတော့ ယုံကြည် စေချင်ပါတယ်။

လတ်တလော ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ကြားဖြတ် ရွေး ကောက်ပွဲ အတွက် နယ်လှည့် ခရီးစဉ် ဟောပြော ချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီ မူဝါဒ ဆိုင်ရာ ထုတ်လွှင့်ချက်တွေ အရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော် အပေါ် ထားရှိတဲ့ စိတ်ရင်း အမှန်ကို မြင်တွေ့ နေရသလို၊ စကား ထဲက ဇာတိပြ လာတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နောက် မညီတဲ့ စကားလုံး များကိုလည်း စိတ် မကောင်းစွာ ကြားသိ နေရပါတယ်။
Sunday, March 25, 2012
ငွေကြေးလာဘ်လာဘကြောင့် ဗုဒ္ဓဘာသာ ညှိုးမှိန်မှာ စိုးရိမ်ပါသည်..
ဒယ်အိုးဆရာတော်လို့ နာမည်ကြီးနေတဲ့ အရှင်ဘဒ္ဒန္တသုမင်္ဂလရဲ့တရားပွဲတွေ နာမယ်ကြီးနေပါတယ်။ တရားဟောဆရာတော်က လူတွေအပေါ် ပြစ်ပြစ်နှစ်နှစ်ပြောဆိုမှုဟောပြောမှုတွေကြောင့် လူပိန်းတော်တော် များများကသဘောကျနေကြပါတယ်။ အုပ်ချုပ်သူတွေအပေါ်များများ ပုတ်ခတ်နိုင်လေ လူထုကများများ သဘောကျလေပုံစံမျိုးဆိုတော့ ကျွန်တော်တို့အမြင်မှာတော့လူရွင်တော် ဇာဂနာထက်တောင်ပိုပြီး သဘောကျမိ ပါတယ်။နိုင်ငံရေးသမားတွေ ဟောကြပြောကြရမယ့်အလုပ်တွေကို ဒယ်အိုးဆရာတော်လုပ်နေတာမို့ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကျေးဇူးတင်မိပါတယ်။
Subscribe to:
Posts (Atom)


