မူလစာမျက်နှာ

Sunday, February 26, 2012

ဗုဒ္ဓမြတ်စွယ်တော် လှူဒါန်းငွေများ မြန်မာနိုင်ငံသို့ ပြန်လှူဒါန်းမည်


မြန်မာနိုင်ငံတွင် ၄၈ ရက်ကြာ ဖူးမြော်အပူဇော်ခံခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ထံ လှူဒါန်းငွေများကို တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ ဗုဒ္ဓမြတ်စွယ်တော်စေတီ မွမ်းမံတည်ဆောက်ရေးနှင့် ဗုဒ္ဓဘာသာနှင့် ကုသိုလ်ကောင်းမှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော် Ming Sheng က အတည်ပြု ပြောကြားသည်။ “ပူးပေါင်းလုပ်ဆောင်ရမယ့် အသေးစိတ်ကို နောက်ပိုင်း သတင်းမီဒီယာတွေကို ထုတ်ပြန်ပေးသွားပါမယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားသည်။ ပုံတူပွားထားသည့် မြန်မာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော်၌ အပူဇော်ခံရန်အတွက် ပုံတူပြုထားသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကို မြန်မာနိုင်ငံသို့ လှူဒါန်းမည်ဖြစ်ကြောင်း၊ အခြေခံ၊ အလယ်တန်း၊ အထက်တန်း စာသင်းကျောင်းများ တည်ဆောက်ပေးမည်ဖြစ်ပြီး အတွင်းတိမ် မျက်စိလူနာများအား ခွဲစိတ်ပေးခြင်း စသည့်ကုသိုလ်ဖြစ်လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်နိုင်ငံရေး သာသနာရေး ဗျူရို ဒုတိယဝန်ကြီး မစ္စတာ Zhang Lebin က ရှင်းပြသည်။ အဆိုပါ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ ဗုဒ္ဓမြတ်စွယ်တော်တိုက် ထိန်းသိမ်းစောင့်ရှောက်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် လေးဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သာသနာရေး ဗျူရိုမှ ကိုယ်စားလှယ်ကိုးဦး စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၁၃ ဦးတို့ တက်ရောက်ခဲ့ကာ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ လင်ကွမ်းစီးဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ ချစ်ကြည်ရေး ဘုရားကျောင်း ထူထောင်ရေးဆိုင်ရာကို မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ.ပါသည်။

MyanmarExpress.Net မှ ကူးယူဖော်ပြ

No comments:

Post a Comment