မူလစာမျက်နှာ

Monday, April 30, 2012

အမေစုက နိုင်ငံတကာနဲ့ ပိုင်တယ်တဲ့... ကျွန်တော့်တို့ အတွက်ကတော့ အမေစုက အလကား မိန်းမပဲ

                                         အင်္ဂလန်ဖွား ခွေးတစ်ကောင်နှင့် ပျော်ပါးနေသည့် အမေစု


From : မောင်မုန်း

အမှန်တိုင်းပြောရရင်တော့ ဒီစာကို လုံးဝ မရေးချင်ပါဘူး... အခုနောက်ဆုံး လုံးဝ မခံစားနိုင်တော့လို့ ရေးလိုက်တာပါ။

ဒီစာကို ရေးရခြင်း ကတော့ ကျနော် တို့ မြန်မာတွေ ကျွန်ဖြစ်နေတာကို နိုင်ငံတကာနဲ့ ပိုင်တဲ့ အမေစု ဘာမှမလုပ်နိုင်ဘူး ဆိုတာ ပြော ခြင်တာပါ... စာမရေးတတ် အစီအစဉ် မတည့်ရင် ခွင့်လွတ်ကြပါဗျာ.. မောင်မုန်း ရေးခြင်တာ လက်ယားနေပေမယ့်  မောင်မုန်း စာရေးဘို့  ထောက် အထားတွေ တင်ပြဘို့ ဆိုတာ အချိန်တခုပေးရမယ် သတင်းတွေ ကို စုံစမ်း တိကျမှ အထောက်အထားဆိုတာကောင်းတာလေ.....
The Lady ဇတ်ကာားထဲမှာ အတိုက်အခံလုပ်တဲ့လူတွေက အမေစု ကို သွားပြောကြတာ တွေ့လိုက်ပါတယ်... "မင်းအဖေက ငါတို့ကို ကျွန်ဘဝ က လွတ်အောင်လုပ်ပေးခဲ့တယ်... မင်းလည်း ငါတို့ကို ခေါင်းဆောင်ပါတဲ့..." အတိအကျ မဟုတ်တောင် အဲလို စကားလုံးမျိုးပါ...။ တကယ်တန်းတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေစုက နံ့သာဆီနဲ့ အီးလိုပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ဘဝ က လွတ်အောင်လုပ်ခဲ့ပေမယ့် အမေစုက ခု ကျွန်တော်တို့ ကျွန်ခံနေရတာကို မိန့်မိန့်ကြီး ထိုင်ကြည့်နေပါတယ်....။

နိုင်ငံတကာနဲ့ ပိုင်တယ်တဲ့... တစ်ယောက်ပြီးတစ်ယောက် သူ့ဆီလာတိုင်း ပြုံးလို့ ပျော်လို့... ဖတ်နမ်းလိုက်.. လက်ချင်းချိတ်လိုက်နဲ့ တွေ့ရပါတယ်... ဒါပေမယ့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေ အတွက်တော့ အမေစု ရဲ့ တွေ့ဆုံမှုတွေက ဘာ တစ်ခု မှ ထူးခြားမှု မပေးခဲ့ပါဘူး...။
နေ့တိုင်းလိုလို တွေ့နေရပါတယ်... ဘယ်နိုင်ငံက ဘယ်သူ လာပြီး အမေစုနဲ့ တွေ့သွားတယ် ဆိုတာတွေပေါ့.... နိုင်ငံခြားသားတွေက အမေစုနဲ့တွေ့ဖို့ မြန်မာပြည်သွားနေကြတယ် ဆိုလို့ မောင်မုန်း မစားရ ၀ခမန်း ၀မ်းသာနေတာ တကယ်ပါ မလေးရှားဝန်ကြီး ချုပ် ဦးနာဂျစ်တောင် အပြေးအလွှားသွားတယ်ဆိုဘဲ... အမေစု နှင့် နားလည်မှုတွေ လုပ်တာ မောင်မုန်း တို့ နားစွင့်နေကြတာပေါ့... ဒါပေမယ့်လည်း အမေစု လွတ်လွတ်လပ်လပ် လုပ်နေတာ (၂) နှစ် ပြည့်ပါတော့မယ်... နိုင်ငံတကာက လူတွေနဲ့ နေ့တိုင်း ဖုန်းပြောနေတာ (၂) နှစ် ပြည့်တော့မယ်... နိုင်ငံခြားမှာ ကျွန်ခံနေတဲ့ မြန်မာတွေအတွက်တော့ ခု ထိ ဘာမှ မထူးခြားလာပါဘူး။

ဒီအကြောင်းတွေ တွေးမိတိုင်း မောင်မုန်း တော် တော် တုန်လှုပ်ပြီး အမေစုရဲ့ နိုင်ငံတကာအပေါ် သြဇာညောင်းတယ် ဆိုတဲ စကားကို တော်တော်လေး အံ့  ကို သြ မိတယ် ဗျာ... အမေစုကြီး သြဇာညောင်းတာ မြန်မာနိုင်ငံသားတွေ အတွက်မှ မဟုတ်တာလေ...

ကျွန်တော်တို့ကတော့ ထောက်ခံလိုက်ရတာ.. ဆန္ဒပြ လိုက်ရတာ... ကောင်းကြောင်းတွေ ရေး လိုက် ပြောလိုက်ရတာ... ခုတော့ အမေကြီးစုရယ် မလေးရှားမှာ မိပြစ် ဖပြစ် ကူညီသူမရှိ ဘာသာခြားတွေ လက်အောက်ရောက်နေတဲ့ ကျွန် တွေကို တချက်လောက်တော့ လှည့်ကြည့်ဖို့ တာင်းပန်ပါရစေဗျာ

မလေးတင်မကပါဘူး နိုင်ငံခြားမှာ စားပွဲထိုးလုပ်တဲ့ မြန်မာတွေ၊ အိမ်ဖေါ်လုပ်တဲ့ မြန်မာတွေ ဟာ အိမ်ရှင် ယောက်ျား ကခြေတော်တင် ရက်ရက်စက်စက် ခိုင်း လူမဆန်စွာ ဆက်ဆံ နေကြတာတွေ ဒါတွေ ကို တခုစီ တင်ပြရရင် ပြောမဆုံးပေါင် တောသုံးထောင် ငယ်ငယ် က ဘကြီးပြောပြတဲ့ တစ်ထောင့်တစ်ည ပုံပြင် ရှုံးဦးမယ် အများကြီး အများကြီးဗျ....

နောက်ပြီး မလေးမှာ ပြဿနာဖြစ်ရင် ဘယ်သူကူမလဲ အိမ်ဖေါ်ဆိုတာ အိမ်ထဲက အိမ်ပြင်ထွက်ခွင့် မရ ကလေးထိန်း အ၀တ်လျှော် ထမင်းချက် မီးပူထိုး အဲဒါအပြင် အိမ်ရှင် ဘဲ ကရဲ့ကိုယ်လုပ်တော်က လုပ်ရသေး အဲဒါတွေ အကုန်ပေါင်းမှ ဘယ်လောက်ပေးမှာလဲ ကဲ.....

အင်ဒိုနီးရှားမတွေ ကို အဲလို လုပ် လို့  အင်ဒိုနီးရှားအစိုး ရ က အလုပ် တခုအတွက် အခြေခံ လစာ ၅၀၀ ရင်းဂစ် ၂မျိုးခိုင်းပါက ၂လစာ ဆိုပြီး ပြောလို့ အင်ဒိုနီးရှား နှင့် ခွာပြဲ လို့  မြန်မာ တွေ ကျွန်ခံနေရတာကို အမေစုက တစ်နှစ် ခွဲလုံး ဖင်လှည့် ခေါင်းကုပ်နဲ့ ပစ်ထားရက်တယ်။

အမေစုကို မောင် မုန်း တောင်းပန်ပါရစေ မောင်မုန်း တောသားပါ နိုင်ငံေ၇းလဲ နားမလည် မသိနားမလည်ပေ မယ့် ကျနော်တို့ လူမျိုး မြန်မာ အမျိုးသမီး တွေ ကိုတော့ ကျွန်ဇာတ် ဖါဇာတ် ( စားကားရင့်သီးရင်ခွင့်လွတ်ပါခင်မျာ) မသွင်းပါနှင့် လို့  လေးလေး နက်နက်တောင်းပန်ပါရစေ အွန်လိုင်းတက်လာမိတ်သဟာ တို့ ကလဲ ဒီနေရာကနေ အမေစုရဲ့ နိုင်ငံတကာ အပေါ် သြဇာညောင်းတယ် ဆိုတဲ့ စကားက မြန်မာနိုင်ငံသားတွေ အတွက် မဟုတ်တဲ့အကြောင်းကို ကန့် ကွက်ကြပါလို့ နိုးဆော်ပါရစေ အမျိုးဘာသာ ကို ချစ်တတ်သူများ ဒီနေရာကနေအော်ပေးကြပါ

အမျိုးကို ချစ် လို့ မရေးတတ် ရေးတတ် ရေးလိုက်ခြင်းပါ စာရှည်ရင် စာဖတ်သူတွေ ငြီးငွေ့  မှာစို့ လို့  လိုရင်းတိုရှင်းရေးလိုက်ပါတယ် အချိန်မရတာလဲပါပါတယ် အဖြစ်အပျက်တွေ ကတော့ တင်မပြတော့ပါဘူး မိန်းကလေးမပြောနှင့်ယောက်ျလေးတောင် လစာမပေးဘဲ ခိုင်းခံ ရတာတွေ မောင်မုန်းတို့ ဒေသကပါ ခုထိသူရှိနေပါသေးတယ် ဘယ်သူမှ မကယ်ပါဘူးဗျ အေးဂျင့် ကောလင်းနှင့်လာတဲ့ မောင်မုန်း တို့ အညာက ညီမငယ်လေး လစာ က စားစရိတ်လောက်ရတာ နှင့်တွေ့ လို့ ပြေးထွက်လာရတာ တွေ အများကြီး အများကြီး မြန်မမာ အမျိုးသမီးတို့ ရေ အဖေ အမေ အကို အမတွေ နှင့် ဝေးနေတဲ့နေရာမှာဒုက္ခဖြစ်ရင် ဘယ်သူမှ မကယ်နိုင်ဘူးနော် အေးဂျင့်ကတော့ မစားရ၀ခမန်း ဂျပိုး လောက်ရတာ ကို လိပ်ရတယ် လို့ လိမ် မှာနော် ကျနော် တို့ က ဒီမှာနေ နေတဲ့သူမို့ ပြောပြတာပါ ဒီရောက်လာရင် မောင်မုန်းလဲ ဘာမှ မတတ်နိုင်ပါဘူး ကြိုတင်တားတာပါ ဖြစ်လာရင် တော့ ဖြစ်ရလေ မမရယ် ဖြစ်ရလေ ညီမရယ် ဆိုပြီး ၀မ်းနည်းဘဲပေးနိုင်ပါမယ်

အဲဒီ အဖြစ်အပျက်တွေကို ကမ္ဘာနဲ့ချီပြီး နိုဘယ်ဆု ရထားတဲ့ အမေစုကြီး ဘာလို့မသိရတာလဲ ဆိုတာ နားမလည်နိုင်ပါဘူးဗျာ။ အချုပ်ပြောရရင်တော့ နိုင်ငံတကာ နဲ့ ပိုင်ပါတယ် ဆိုတဲ့ အမေစု က ကျွန်တော်တို့အတွက်တော့ အလကား မိန်းမ ပါပဲဗျာ....။ အမေစုရဲ့ ကျွန်မလည်း ချစ်ပါတယ် ဆိုတဲ့ စကားက မဲရဖို့ ပြောတဲ့ စကား သက်သက်ပါဗျာ.. တကယ်တန်းတော့ ကျွန်တော်တို့ မြန်မာ ပြည်သူတွေကို အမေစုက ဗြိတိလျှ ကပြား ကင်အဲရစ်ပေးတဲ့ အင်္ဂလန်က ခွေးတစ်ကောင်လောက်တော့ မချစ်ဘူးဆိုတာ သေချာပါတယ်....။
myanmarexpress မှကူးယူဖော်ပြ။

No comments:

Post a Comment