မူလစာမျက်နှာ

Sunday, March 25, 2012

မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်.......


အတိုက်အခံဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ရှိလည်း ရှိသင့်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လောကတွေမှာလဲ ရှိသလို နိုင်ငံရေးလောကမှာ ပိုပြီး ရှိသင့်ပါတယ်။ အတိုက်အခံရှိခြင်းကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ ပိုမိုတိုးတက်စေပါတယ်။



အတိုက်အခံထဲမှာမှ စီးပွားရေး အတိုက်အခံဆိုတာ တဖက်က စီးပွားရေး သမား နဲ့ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း အဆင့်သာရှိပါတယ်။ နိုင်ငံရေးအတိုက်အခံဆိုတာ နိုင်ငံ့ဦးလျှောင် အစိုးရနှင့် အစိုးရအဖွဲ့အစည်းနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ရတာကြောင့် ပိုပြီး သတ္တိရှိဖို့၊ အနစ်နာခံဖို့၊ စွန့်လွှတ်စွန့်စားဖို့၊ ခံယူချက်ကောင်းဖို့၊ အများကြီးလိုအပ်ပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေးလောကမှာ အမည်ပေါင်းစုံနဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့ပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းက ဘယ်တစ်ယောက်တစ်လေမှ ပြည်သူလူထုနဲ့ နိုင်ငံ့အရေး ပြောင်းလဲစေဖို့ ကိုယ့်ကိုယ်ကို မစတေးရဲ၊ အနစ်နာမခံရဲပါဘူး။ စကားကြီးစကားကျယ်များဖြင့် လေလုံးထွားရင်း သာ အဝေးမှ လက်သီးလက်မောင်း တန်းပြနေရဲကြတာပါ။

လက်ရှိအတိုက်အခံအားလုံးရဲ့ အခြေအနေနဲ့ စိတ်ရင်းသဘောအမှန်ကို မြန်မာပြည်သူအားလုံး သိရှိထားပြီးလို့ ဘယ်သူကမှ မထောက်ခံခဲ့၊ အားမပေးခဲ့သလို လူအင်အားအရလည်းကောင်း၊ ငွေးအင်အားအရလည်းကောင်း ကူညီခြင်းမပြုခဲ့ကြပါဘူး။

အတိုက်အခံတို့ဟာ ကိုယ့်နိုင်ငံ အစိုးရရဲ့ အပြစ်တွေ၊ မကောင်းကြောင်းတွေကို နိုင်ငံတကာက အစိုးရတွေနဲ့နှိုင်းယှဉ်ပြောတတ်ကြသလို ကိုယ့်နိုင်ငံရဲ့ တိုးတက်မှု နှေးကွေးခြင်းကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူများနိုင်ငံတွေရဲ့ အတိုက်အခံတွေရဲ့ စွန့်လွတ်စွန့်စားမှု၊ အနစ်နာခံမှု၊ အပြောင်းအလဲအတွက် ကိုယ့်ကိုယ့်ကို စတေးမှု တွေကိုတော့ မသိချင်ယောင်ပဲ ဆောင်နေကြပါတယ်။

မြန်မာအတိုက်အခံအားလုံးက တကယ်ထူးခြားတဲ့ ပြောင်းလဲမှုကို မလုပ်လိုကြပါဘူး။ လုပ်ဖို့လဲ သတ္တိမရှိကြပါဘူး။ အားအားယားယား ထိုင်ပြီး အတင်းတုပ်ဖို့ပဲ လုပ်တတ်ကြပါတယ်။ အနှစ် ၂၀ ကျော် ဒီလိုပဲ ညံ့ဖျင်းမှုတွေပဲ လုပ်ခဲ့လို့ ခုထိ အတိုက်အခံတို့ကြောင့် ပြောင်းလဲသွားတဲ့ တိုးတက်မှု တစ်စုံတစ်ရာ မပြနိုင်သလို၊ ပြည်သူတို့ရဲ့ ယုံကြည်မှု တစ်စုံတစ်ရာ မရခဲ့ပါဘူ။

မြန်မာပြည်သူတို့အနေနဲ့လည်း အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေနဲ့ပဲ ပျော်မွေ့နေပြီး နိုင်ငံရေး အပြောင်းအလဲ ထိထိရောက်ရောက် ဖြစ်အောင် ကိုယ့်ကိုယ်ကို မစတေးရဲတဲ့ သူရဲပေါကြောင် အတိုက်အခံတွေကို သတိထားကြဖို့လိုပါတယ်။ အားလုံးက ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အပေါစားအလုပ်တွေလုပ်၊ အပေါစားစကားတွေပြောပြီး သူရဲကောင်းလုပ်ကာ အထောက်အပံ့တွေကို စားသောက်နေခြင်းသာဖြစ်ပါတယ်။

အောက်မှာကြည့်ပါ။ တူနီးရှားနဲ့ ထိုင်းနိုင်ငံမှ အတိုက်အခံတို့ရဲ့ သမိုင်းတင်မယ့် နိုင်ငံရေး အတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံမှုတွေ ဖြစ်ပါတယ်။ မြန်မာအတိုက်အခံတွေနဲ့တော့ မိုးနဲ့မြေ ဆီနဲ့ရေ လို ကွာခြားလွန်းပါတယ်။

No comments:

Post a Comment