မူလစာမျက်နှာ

Sunday, March 25, 2012

ငွေကြေးလာဘ်လာဘကြောင့် ဗုဒ္ဓဘာသာ ညှိုးမှိန်မှာ စိုးရိမ်ပါသည်..



ဒယ်အိုးဆရာတော်လို့ နာမည်ကြီးနေတဲ့ အရှင်ဘဒ္ဒန္တသုမင်္ဂလရဲ့တရားပွဲတွေ နာမယ်ကြီးနေပါတယ်။ တရားဟောဆရာတော်က လူတွေအပေါ် ပြစ်ပြစ်နှစ်နှစ်ပြောဆိုမှုဟောပြောမှုတွေကြောင့် လူပိန်းတော်တော် များများကသဘောကျနေကြပါတယ်။ အုပ်ချုပ်သူတွေအပေါ်များများ ပုတ်ခတ်နိုင်လေ လူထုကများများ သဘောကျလေပုံစံမျိုးဆိုတော့ ကျွန်တော်တို့အမြင်မှာတော့လူရွင်တော် ဇာဂနာထက်တောင်ပိုပြီး သဘောကျမိ ပါတယ်။နိုင်ငံရေးသမားတွေ ဟောကြပြောကြရမယ့်အလုပ်တွေကို ဒယ်အိုးဆရာတော်လုပ်နေတာမို့ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကျေးဇူးတင်မိပါတယ်။



နိုင်ငံရေးသမားတွေ စင်ပေါ်တက်ပြီးဟောပြောရင် ဘယ်သူကမှ အလှူငွေထည့်ကြမှာမဟုတ်ပါဘူး။ အခုလို မျိုးတရားပွဲတွေကျင်းပတော့ ပိုက်ဆံထည့်ချင်တဲ့သူတွေ ထည့်လို့ကောင်းသွားပါတယ်။ ဒါပေမဲ့စိုးရိမ်တာတစ်ခုကို ပြောပြပါမယ်။ မူဆလင်ဘာသာဝင်တွေဟာ သူတို့ဘာသာပြန့်ပွားဖို့အတွက် နည်းမျိုးစုံနဲ့လုပ်ဆောင်နေသလို အခြားဘာသာတွေ ပျက်စီးသွားဖို့အတွက်လဲ နည်းလမ်းမျိုးစုံကျင့်သုံးနေပါတယ်။ မယုံမရှိပါနဲ့ ဒယ်အိုးဆရာတော်ရဲ့ တရားပွဲတိုင်းလိုလိုမှာ အလှူငွေ သိန်းငါးဆယ်အထက်ရနေပါတယ်။ အဲဒီအထဲမှာ မူဆလင်စစ်စစ်တွေရဲ့ လှူတဲ့ငွေ တွေပါပါတယ်။ အင်းစိန်ကြို့ကုန်းအရှေ့ရပ်ကွက် တရားပွဲမှာ သိန်း(၃၀)လှူတဲ့အလှူရှင်ဦးမောင်မောင်ဆိုတာ မူဆလင်အစစ် ဖြစ်ပါတယ်။


အစိုးရမကောင်းကြောင်းပြောတာ မူဆလင်တွေကြိုက်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်တဲ့အဟောအပြောတွေဆို မူဆလင်တွေအားပေးပါတယ်။ ဒယ်အိုးဆရာတော်ရဲ့ ``စိတ်နဲ့လူသတ်ထားတာ အများကြီးဆိုတဲ့အဟောအပြောမျိုးတွေ´´ မူဆလင်တွေပိုပြီးအားပေးပါတယ်။ ဒါကြောင့် မူဆလင်တွေက သက်သက်မဲ့မြှောက်ပေးနေတာဖြစ်ပါတယ်။ ဗုဒ္ဓ၀ါဒီတစ်ဦးရဲ့ အမြင်နဲ့ပြောရရင် ဒယ်အိုးဆရာတော် ဟောပြော နေတာတွေဟာ ဗုဒ္ဓဘာသာတရားတော်နဲ့ ညီညွတ်ပါရဲ့လား ဆိုတဲ့မေးခွန်း မေးချင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေ ပယ်ရမယ်လို့ပဲသိထားပါတယ်။ ငါပြောတာအမှန်၊ ငါဟောတာအမှန်လို့ ဘုရားရှင်က မဟောခဲ့ပါဘူး။ ကာလာမသုတ်တော်မှာပြန်ကြည့်ရင်သိနိုင်ပါတယ်။ ငွေကြေး လာဘ်လာဘတွေကြောင့် ဗုဒ္ဓဘာသာညှိုးမှိန်မှာ ကိုတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနဲ့ ဗုဒ္ဓဘာသာဝင်များက အလွန်ပဲစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

1 comment:

  1. ရိုသေစွဖြင့် လက်အုပ်မိုး ရိခိုးအပ်ပါသည် ဆရာတော်ဘုရား
    တပည့်တော်တင်ပြတောင်းဆိုလိုပါသည် မျက်မှောက်နိုင်ငံတော်တွင် နိုင်ငံရေးဝိသမသမားများသည် နိုင်ငံတော်၏ လူမျိုးရေး စီးပွါရေး သာသနာရေးများအား အရောင်ပြသက်သက်သာ ဆောင်ရွင်နေကြပြီး အာဏာတည်တံ့ရေးကိုသာဦးစားပေး ဆောင်ရွက်နေကြသည်မှာ မြင်သာထင်ရှားစေပါသည်။ သို့ပါသောကြောင် လူမျိုးဘာသာ သာသနာအား သံဃာတော်များနှင့် မျိုးချစ်စိတ်ရှိသောလူများက ကိုယ့်အသိစိတ်ကိုယ်ဆောင်ပြီးဆောင်ရွက်ပါမှသာ လူမျိုးမပျောက် သာသနာမပျောက်နိုင်မှာ ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးများအနေဖြင့် သံဃာတော်များ အားစစ်မှန်သော သာသနာဝင်အာဇာနည်များဖြစ်စေရန်ဦးစားပေးတိုက်တွန်း ပို့ဆောင်ပေးပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည် ဘုရား။


    Burma National Unity Force
    (Thailand Command)

    ReplyDelete