မူလစာမျက်နှာ

Monday, March 19, 2012

အင်တာနက်ပေါ်က တိုက်ပွဲ


နိုင်ငံရေးအပြောင်းအလဲတစ်ခု ရရှိရေးအတွက် ကိုယ်ကျိုးစွန့်လွှတ်ပြီး အနစ်နာခံ တိုက်ပွဲဝင်မှုတွေဟာ တူနီးရှားမှအစပြုပြီး အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း နိုင်ငံများကို ကူးစပ်လာပြီး အရှေ့အာရှတခွင်ကို အမြန်နှုံးမြင့်မားစွာနဲ့ ကူးစပ်နေပါပြီ။ တူနီးရှားမှာ ကျောင်းသားတစ်ယောက်က ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ရာမှ သမ္မတ ထွက်ပြေးခဲ့ရပါတယ်။ အီဂျစ်မှာလဲ အလားတူမီးရှို့ဆန္ဒပြမှုအပြင်
ကြီးမားတဲ့ လူထုအုံကြွမှုကြီးဖြစ်ခါ တိုက်ပွဲဝင် သူရဲကောင်းပေါင်း ၃၀၀ ကျော် ကိုယ်ကျိုးစွန့်အသက်ပေးခဲ့ကြပြီးနောက် သမ္မတမှ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ လက်တလော လစ်ဗျားမှာလဲ ကိုယ်ကျိုးစွန့်သူရဲကောင်းပေါင်း ၁၀၀၀ ကျော် အသက်တွေစတေးပြီးပါပြီ။


အနှစ် ၂၀ ကျော် နာမည်ခံ မြန်မာသူရဲကောင်း အတိုက်အခံတို့ကတော့ အနှစ် ၂၀ လုံး ဘာမှထူးထူးခြားခြား တိုးတက်အောင် မလုပ်နိုင်တဲ့အပြင် ခုလက်တလော ပြောင်းလဲနေတဲ့နိုင်ငံများကို အားကျပြီး လူထုတိုက်ပွဲကို ဖော်ဆောင်နေကြပါပြီ။ ကိုယ့်ကိုယ်ကို မီးရှို့သက်ဖို့ ကြိုးစားနေကြပါပြီ။ ဒါပေမယ့် သိပ်တော့ အထင်မကြီးလိုက်ပါနဲ့ facebook ပေါ်မှာပါ။

ခေါင်းဆောင်ဘယ်သူလဲ မမေးပါနဲ့။ ခေါင်းဆောင်ကနေ အောက်ခြေသိမ်းအီးမေးပို့တဲ့လူတွေထိ ကိုယ့်ကိုယ်ကို ဘယ်သူပါ ဆိုတာ ထုတ်ဖော်မပြောရဲကြသေးပါဘူး။ ဒါပေမယ့် ထူးဆန်းတာက အဲ့ဒီ ဘယ်သူဘယ်ဝါ ထုတ်မပြောရဲကြသူတွေက email ၊ facebook နဲ့ အင်တာနက်ပေါ်မှာတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ ခုချက်ချင်းပဲ ကိုယ့်ကိုယ်ကို မီးရှို့တော့မယ့်အလား အော်နေကြတာပါပဲ။

ထစ်ကနဲဆိုတာနဲ့ လူထုတိုက်ပွဲ ဆိုပြီး လုပ်နေခဲ့တာ တိုက်ပွဲပေါင်းလည်း မရေတွက်နိုင်တော့ပါဘူး။ အားတိုင်းကို လုပ်ချင်နေကြတာပါ။ လုပ်ချင်မှာပေါ့ facebook နဲ့ blog နဲ့ email ထဲမှာပဲ လုပ်ရတာကိုး။ ဘာမှမှ ထိခိုက်နစ်နာမှုမရှိတာ။ ထိခိုက်နစ်နာမှု ရှိပြီး တကယ်အောင်မြင်မှု ရတဲ့ အလုပ်တွေကို တူနီးရှားနဲ့ အီဂျစ်တို့ လုပ်ပြသွားခဲ့ပြီ။

သက်သေပြသွားခဲ့ပြီ။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ရှင်းနေပြီ။ ဒါပေမယ့် မြန်မာ အတိုက်အခံတို့ အလွန်ကြောက်ချေးပမ်းကြပါတယ်။ ခု facebook ၊ email နဲ့ blog မှာ လက်သီးလက်မောင်း တန်းနေသူများ အပြင်မှာလုပ်ရဲလား မေးကြည့်ပါ။ အားလုံး ၂၀၁၁ တေမိ တွေဖြစ်ကုန်တာကို ထူးထူးဆန်းဆန်းတွေ့ရပါလိမ့်မယ်။ လူထုတိုက်ပွဲကို လုပ်ချင်မှာပေါ့။ ဘာကြောင့်လဲဆို တကယ်ကိုယ်ကျိုးစွန့်ရရင် ပြည်တွင်းက ဘာမှနားမလည်ပဲ နောက်ကလူတွေတွန်းတာနဲ့ ရှေ့ရောက်နေတဲ့ လူအတွေပါပဲ။ အမှန်တိုင်းပြောရရင်တော့ ခုလည်း လူမိုက်ငှားနေကြ၊ လူအ ရှာနေကြတာပါ။




အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ပါက ဒေါ်စုကြည် ဆိုတာ မြန်မာ့နိုင်ငံရေးပြောင်းလဲပေးနိုင်မယ့် အရည်အချင်းမရှိဘူးဆိုတာ သိနိုင်ပါပြီ။ လူထုတိုက်ပွဲဆိုတာမျိုးကိုတော့ ဒေါ်စုကြည် လက်ခံပါလိမ့်မယ်။ ဒုတိယ ၈၈ ထပ်ဖြစ်ပြီးရင် ဒေါ်စုကြည် နေရာရလာနိုင်လို့ပါပဲ။ နောက်ထပ် အားကိုးလို့မရတဲ့လူတွေကတော့ အင်တာနက်ပေါ်မှာ လက်သီးလက်မောင်းတန်းနေတဲ့ လူတွေပါပဲ။ သူတို့တွေကိုသာ အားကိုးလို့ကတော့ နောက်ထပ် အနှစ် ၁၀၀ ကျော် တော်လှန်ရေးကြီး အတွန့်ရှည်နေပါလိမ့်မယ်။




အင်တာနက်ပေါ်မှာ တူနီးရှားနဲ့ အီဂျစ်ကို အားကျပြီး တိုက်မယ်ခိုက်မယ် အော်နေသူများအနေနဲ့ ပါးစပ်နဲ့ အားကျပြီး လေနဲ့တိုက်ပွဲဝင်တာတွေကို လျှော့ပါတော့။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်မှရမယ် ဆိုတာကို နာလည်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံကြပါ။ လူထုတိုက်ပွဲကို လုပ်ချင်ရင် ကိုယ်တိုင် လူထုနဲ့ တသားတည်းဖြစ်အောင် ဝင်ပြီး တိုက်ပွဲဝင်ဖို့လုပ်ပါ။ နောက်ကနေ အော်ပြီး ရှေ့ကလူကို တွန်းမထိုးနေကြပါနဲ့။



လူထုယုံကြည်အောင် တစ်စက်မှ မလုပ်နိုင်ပဲ လူထုကို အဆိပ်မခက်ကြပါနဲ့။

လူထုတိုက်ပွဲဖြစ်ရင် ဘယ်သူတွေ နစ်နာပါလဲ
ပြည်တွင်းက ဘာမှမသိတဲ့ လူတွေပဲ နစ်နာပါတယ်။

လူထုတိုက်ပွဲဖြစ်ရင် ဘာတွေပျက်ဆီးပါလဲ
ဆန္ဒပြပွဲတစ်လျှောက် ပတ်ဝန်းကျင်မှ ဆန္ဒပြသူတွေ ဖျက်ဆီးသမျှ ပြည်သူလူထုပိုင်ဆိုင်တဲ့ အဆောက်အုံနဲ့ ပစ္စည်းတွေ ပျက်ဆီးတာပါပဲ။

လူထုတိုက်ပွဲဖြစ်ရင် အင်တာနက်၊ အီးမေးနဲ့ ဘလော့ပေါ်ကလူတွေ ဘာလုပ်နိုင်သလဲ
ဘယ်နေရာမှာ ဘယ်နှယောက် ထိခိုက်ဒဏ်ရာရသွားတယ်၊ ဘယ်နှယောက် ဒုက္ခရောက်သွားတယ် ဆိုတာကို စောင့်ကြည့်ပြီး ကီးဘုတ်ပေါ်ကနေ ထိုင်ရိုက်နေရုံပါပဲ

လူထုတိုက်ပွဲဖြစ်ရင် အင်တာနက်၊ အီးမေးနဲ့ ဘလော့ပေါ်ကလူတွေ ဘာတွေ နစ်နာနိုင်သလဲ
ဘာမှမနစ်နာပါဘူး။ မနစ်နာလို့လဲ လိုက်ပြီး အော်နေတာပါ။ နစ်နာစေမယ့် အရာတွေကိုလည်း ရှောင်ကြပါတယ်။

No comments:

Post a Comment