မူလစာမျက်နှာ

Monday, March 12, 2012

မကောင်းကြောင်းဘဲ ပြောတော့မှာလား

   


  ဒေါ်လာရဖို့အတွက် ကိုယ့်နိုင်ငံကြောင်း မကောင်းတာ အကုန်ရေးနေသူတို့ အနေနဲ့ ကောင်းတာလေး တစ်ခု နှစ်ခု လောက်တော့ ရေးသင့်ပါတယ်။ စီးပွားရေး က စီးပွားရေး တစ်ပိုင်းဆိုပေမယ့်၊ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံ ပါပဲ။ ဘယ်လောက် နိုင်ငံသားခံယူ ခံယူ မြန်မာဟာ မြန်မာပါ။ အကြိမ်ပေါင်းများစွာ နိုင်ငံတကာ အလယ်မှာ အမိနိုင်ငံကို သိက္ခာချခဲ့ပြီးပြီ။ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်ကိုဦးတည်နေတယ်၊ ဘယ်လောက်ထိရောက်တယ်၊ အကျိုးဆက်ကို ဘယ်သူတွေခံစားရတယ်၊ နိုင်ငံတော်အတွက် အတွက် အလုပ်လုပ်နေတယ် ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်ကို နိုင်ငံတကာက ဘယ်လိုမြင်အောင်လုပ်နေလဲ ဆိုတာကို ဖြေးဖြေးလေးပဲ စဉ်းစားကြည့်ပါ။ ဘယ်သူတွေ ဘယ်လိုပဲရေးနေရေးနေ၊ ဘယ်လိုပဲလုပ်နေလုပ်နေ။ အဲ့ဒီထဲမှာ ကိုယ်တိုင် မပါအောင် ထိန်းသိမ်းပါ။ နှစ်ပေါင်းများစွာ ဒေါ်လာစား အတိုက်အခံမီဒီယာတွေရဲ့ ကြိုးစားသမျှ ရလဒ်တွေကိုကြည့်ပါ။


http://www.google.com/images?as_q=myanmar&hl=en&gbv=2&btnG=Google+Search&as_epq=&as_oq=&as_eq=&as_sitesearch=&safe=images&as_st=y&tbs=isch:1,itp:photo



http://www.google.com/images?hl=en&gbv=2&as_st=y&tbs=isch:1,itp:photo&sa=1&q=burma&aq=f&aqi=g10&aql=&oq=&gs_rfai=

http://images.search.yahoo.com/search/images;_ylt=A0geuvPMNwJMo1sB6gRXNyoA?ei=UTF-8&p=myanmar&fr2=tab-web&fr=sfp

http://www.bing.com/videos/search?q=myanmar&FORM=BVFD

http://www.bing.com/videos/search?q=burma&FORM=BVFD

http://video.search.yahoo.com/search/video;_ylt=A0WTefjXNwJMHnMAykaJzbkF?ei=UTF-8&p=myanmar&fr2=tab-img&fr=sfp

http://video.search.yahoo.com/search/video;_ylt=A0SO8Z32NwJMji8A6gL7w8QF;_ylu=X3oDMTBrajU1YjNvBHNlYwNzZWFyY2gEdnRpZANWMTA5?p=burma&fr=sfp&ei=utf-8&fr2=tab-img&n=21&tnr=21&y=Search

http://www.google.com/search?q=myanmar&tbo=p&tbs=vid:1&source=vgc&hl=en&aq=f

http://www.youtube.com/results?search_query=myanmar&aq=f

http://www.youtube.com/results?search_query=burma&aq=f

http://www.youtube.com/results?search_query=yangon&aq=f

ရလဒ်တွေကိုကြည့်ပါ။ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို တစ်ကမ္ဘာလုံးက ခလေးကစပြီး အသက်အရွယ်အားလုံး နားလည်နိုင်ပါတယ်။ ဘယ်မှာလဲ မြန်မာ့ ယဉ်ကျေးမှု၊ ဘယ်မှာလဲ မြန်မာ့ ဓလေ့ထုံးစံ၊ ဘယ်မှာလဲ မြန်မာ့ဘာသာတရား၊ ဘယ်မှာလဲ မြန်မာလူငယ်တွေရဲ့ ထူးချွန်ထပ်မြက်မှု၊ ဘယ်မှာလဲ မြန်မာလူထုရဲ့ ရိုးသားဖြူစင်မှု၊ ချစ်စရာကောင်းတာတွေ ဘယ်ရောက်ကုန်တာလဲ။ မရှိလို့လည်း မဟုတ်ဘူး။ အများကြီးပဲရှိတယ်။ ဘာကြောင့် အထက်မှာပြခဲ့တဲ့ ရလဒ်တွေပဲ ထွက်လာရတာလဲ။ Myanmar (or) Burma လို့ မပြောရဲအောင်၊ စာမရိုက်ရဲအောင် ဘယ်သူတွေလုပ်နေကြတာလဲ။ နိုင်ငံတကာမှာ မျက်နှာမပြရဲအောင်၊ နိုင်ငံတကာရဲ့ သနားစရာအကြည့်နဲ့ အကြည့်ခံရအောင်၊ ရွံရှာ အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရအောင် ဘယ်သူတွေလုပ်နေကြတာလဲ။ အဲ့ဒီထဲမှာ ကိုယ်တိုင် ပါနေပြီလားဆိုတာ။ ဒေါ်လာစား အတိုက်အခံတို့ စဉ်းစားကြပါ။ တစ်သက်လုံးပဲ ကိုယ့်ဘဝကြီးကို ဒီလိုနဲ့ပဲ ရေစုံမျှောတော့မှာလား။ သမိုင်းရဲက တရားခံစာရင်းမှာ အပါခံတော့မှာလား။ သေခြာစဉ်စားပါ။ စဉ်းစားခိုင်းတာတွေ များသွားရင် အရိုးရှင်းဆုံး တစ်ခုပဲ စဉ်းစားပါ။ ပိုက်ဆံရဖို့အတွက် ကိုယ့်နိုင်ငံအကြောင်း မကောင်းကြောင်းတွေပဲ ထိုင်ရေးနေတော့မှာလား ?????????

(တရားခံများကို အောက်ဆုံးမှာ လင့်ချိတ်ဖော်ပြထားပါသည်။ မိမိပါနေပါက သံဝေဂရရန်ဖြစ်သည်။ မပါသေးပါက ဆင်ခြင်နိုင်ရန်နှင့် ပါဝင်နေသော အခြား ဘလော့ဂါများကို လမ်းမှန်သို့ရောက်စေရန် ဝိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်။ မိမိနိုင်ငံ ကို ကမ္ဘာ့နောင်လာ နောက်သား၊ ခု မမွေးသေးတဲ့ လူသားများကပါ အထင်သေးမခံကြရန် မြန်မာနိုင်ငံသား အားလုံးမှာတာဝန်ရှိသည်)

No comments:

Post a Comment