မူလစာမျက်နှာ

Thursday, June 21, 2012

အမေစုအတွက်မေးခွန်းတချို့



အခုတော့ အမေစု လွှတ်တော်ထဲ ရောက်ပြီ၊ မြန်မာနိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုးတွေကို လုပ်မယ်လို့လည်း ကတိသစ္စာတွေ ဆိုပြီးပြီ။ ဒီတော့ အမေစု အနေနဲ့ နိုင်ငံအတွက် ကောင်းရာ ကောင်းကျိုးတွေကိုပဲ ပြောစေလိုပါတယ်။ အမေစုနဲ့ NLD က လက်ရှိအစိုးရဟာ စစ်တပ်က ကြီးစိုး ထားတာပဲလို့ ပြောတာ ကြားခဲ့ဘူးပါတယ်။ အခုအမေစုရဲ့ ဥရောပ ခရီးစဉ်မှာ ပြောနေတဲ့ ပုံစံကလည်း အဲသည်လို ပုံစံပါပဲ။ အမေစုရဲ့ ရန်သူတော်ဟောင်းကြီးတွေဖြစ်တဲ့ အခု အုပ်ချုပ်နေတဲ့ စစ်အစိုးရပိုင်း လူကြီးဟောင်းတွေက အမေစုကို လွှတ်တော်ထဲ ၀င်ခွင့်ပြုတာ၊ နိုင်ငံခြားတွေ သွားခွင့်ပြုနေတာ အမေစု အပြောအဆို ဆင်ခြင်ဖို့ ကောင်းပါတယ်။ ILO ဆွေနွေးပွဲမှာ

Thursday, May 17, 2012

ကုလ အထူးကိုယ်စားလှယ်အား ထွက်တွေ့ရန် ခြံရှေ့တွင် လော်စပီကာနဲ့ အကြိမ်များစွာ အော်ခဲ့ပေမယ့် ဒေါ်စု ထွက်မတွေ့ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ဖူး


ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံးစကားကတော့ "ပွင့်လင်း မြင်သာရမယ်" "ဘယ်သူနဲ့မဆို တွေ့ဖို့ အဆင်သင့် ရှိတယ်" လို့ ဆိုပေမယ့် တစ်ချိန်တုန်းက ကုလသမ္မဂ္ဂ အထူးကိုယ်စားလှယ် အား ထွက်တွေ့ရန် ခြံရှေ့တွင် လော်စပီကာနဲ့ အကြိမ်များစွာ အော်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ဖူးကြောင်း ပြန်လည် တင်ပြလိုက်ပါသည်။

Wednesday, May 9, 2012

ဘူကြီးလဲဒါကြီးကဘူကြီးလဲ??????

    ဒီအဘွားကြီးကလဲ နန့်တုန်းရွတုန်းဆပ်စလူးထတုန်းပါလားနော်...ပုံထဲမှာတောင်လိုက်ရွနေသေးတယ်...သေရင်တောင် အခေါင်းထဲမှာရိက္ခာမထည့်ပေးရဘဲနဲ့        အလှကုန်ပစ္စည်းတွေထည့်ပေးပါလို့မှာသွားမယ်တဲ့တူတယ်..

Monday, April 9, 2012

Wonder Girl ? Nobody but you.

(ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတိုင်တွေကို အနီးကပ် လေ့လာစောင့်ကြည့် သူတစ်ဦးက ဟီလာရီကလင်တန်လာတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတိုင်က ကိုယ်ပိုင် စတိုင်မဟုတ်ပဲ ကော်ပီ သာဖြစ်ကြောင်း.. ခုလို ပေးပို့လာပါတယ်။ NLD ပါတီဝင်များအနေနဲ့ အသက် ၆၇ နှစ်အရွယ် မုဆိုးမ ဒေါ်အောင်ဆန်းစုကြည်ကို MTV တွေ သိပ်မပြဖို့တော့ လိုပါလိမ့်မယ်။)


 myanmarexpress မှကူးယူဖော်ပြ။

Monday, March 26, 2012

နာဇီ နဲ့ NLD


မိတ်ဆွေတို့ ကျုပ်နာမည်က ဗန်နေလွယ် ၊ တိုင်းရင်းသားတစ်ယောက်ပါ ၊ ကျုပ်ပြောစရာရှိလို့ ဒီစင်ပေါ်ကိုတတ်လာတာ --------
နာဇီခေါင်းဆောင် ဟစ်တလာ ရဲ့ အမှတ်တံဆိပ်`` စင်္ကြာ`` ကိုလူတွေအားလုံး နှခေါင်းရှုံ့ ရွံရှာကြတယ် ၊ ဘာလို့လဲ ?????? သူသတ်ခဲ့တဲ့ အကြမ်းဖက်မှု        လူမျိုးပျောက်လူသတ်မှုကြီးတွေကြောင့်             ကျူပ် ကမ္ဘာသမိုင်း ဆွေးနွေးမှာမဟုတ်ဘူး ၊ ဥပမာပြောနေတာ -

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၂ )


From : တပ်မတော်သားတစ်ဦး


ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ ) မှ အဆက်


အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း




`` တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ´´ ဆိုတဲ့ ဆောင်ပုဒ်ဟာ နိုင်ငံရေးနှင့် ပတ်သက် လာရင် တပ်မတော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခုဖြစ်ပါ တယ်။ မျက်မှန်စိမ်း အတပ်ခံ ထားရသူတွေ နားလည်အောင် ထပ်မံ ရှင်းပြရရင် တပ်မတော်က ထမ်းဆောင်နေတဲ့ အမျိုးသားရေး ဆိုတာ နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေမည့် မူဝါဒများဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါးဖြစ်ပါတယ်။ အမျိုးသားရေး မူဝါဒအပေါ် အခြေခံပြီး နိုင်ငံတော် ရဲ့ အမျိုးသား ရည်မှန်းချက်ဖြစ်တဲ့..

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ )

From : တပ်မတော်သားတစ်ဦး


ခေါင်းစဉ်ကိုက ရှင်းရှင်းလေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ပြုမူလှုပ်ရှားပြောဆို လုပ်ကိုင်မှုတွေ အပေါ် တပ်မတော်သားတစ်ဦးရဲ့ ရိုးရိုးသားသား ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အမြင်တွေကို ထုတ်ဖော် သွားမှာ ဖြစ်ပါတယ်။


တပ်မတော်သားတစ်ဦးဆိုတဲ့အတွက် တပ်မတော်ရဲ့ သဘောထားလို့ တထစ်ချပြောလို့မရပေမဲ့ တပ်မတော် သားအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှ ဒီလိုအမြင်၊ ဒီလို သဘောထားတွေ ရှိနေတယ် ဆိုတာ ကိုတော့ ယုံကြည် စေချင်ပါတယ်။






လတ်တလော ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ကြားဖြတ် ရွေး ကောက်ပွဲ အတွက် နယ်လှည့် ခရီးစဉ် ဟောပြော ချက်တွေ၊ ရုပ်မြင်သံကြား ကတစ်ဆင့် ပါတီ မူဝါဒ ဆိုင်ရာ ထုတ်လွှင့်ချက်တွေ အရ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တပ်မတော် အပေါ် ထားရှိတဲ့ စိတ်ရင်း အမှန်ကို မြင်တွေ့ နေရသလို၊ စကား ထဲက ဇာတိပြ လာတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နောက် မညီတဲ့ စကားလုံး များကိုလည်း စိတ် မကောင်းစွာ ကြားသိ နေရပါတယ်။

Sunday, March 25, 2012

ငွေကြေးလာဘ်လာဘကြောင့် ဗုဒ္ဓဘာသာ ညှိုးမှိန်မှာ စိုးရိမ်ပါသည်..



ဒယ်အိုးဆရာတော်လို့ နာမည်ကြီးနေတဲ့ အရှင်ဘဒ္ဒန္တသုမင်္ဂလရဲ့တရားပွဲတွေ နာမယ်ကြီးနေပါတယ်။ တရားဟောဆရာတော်က လူတွေအပေါ် ပြစ်ပြစ်နှစ်နှစ်ပြောဆိုမှုဟောပြောမှုတွေကြောင့် လူပိန်းတော်တော် များများကသဘောကျနေကြပါတယ်။ အုပ်ချုပ်သူတွေအပေါ်များများ ပုတ်ခတ်နိုင်လေ လူထုကများများ သဘောကျလေပုံစံမျိုးဆိုတော့ ကျွန်တော်တို့အမြင်မှာတော့လူရွင်တော် ဇာဂနာထက်တောင်ပိုပြီး သဘောကျမိ ပါတယ်။နိုင်ငံရေးသမားတွေ ဟောကြပြောကြရမယ့်အလုပ်တွေကို ဒယ်အိုးဆရာတော်လုပ်နေတာမို့ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကျေးဇူးတင်မိပါတယ်။

မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်.......


အတိုက်အခံဆိုတာ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ရှိလည်း ရှိသင့်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လောကတွေမှာလဲ ရှိသလို နိုင်ငံရေးလောကမှာ ပိုပြီး ရှိသင့်ပါတယ်။ အတိုက်အခံရှိခြင်းကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ ပိုမိုတိုးတက်စေပါတယ်။

Monday, March 19, 2012

အင်တာနက်ပေါ်က တိုက်ပွဲ


နိုင်ငံရေးအပြောင်းအလဲတစ်ခု ရရှိရေးအတွက် ကိုယ်ကျိုးစွန့်လွှတ်ပြီး အနစ်နာခံ တိုက်ပွဲဝင်မှုတွေဟာ တူနီးရှားမှအစပြုပြီး အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း နိုင်ငံများကို ကူးစပ်လာပြီး အရှေ့အာရှတခွင်ကို အမြန်နှုံးမြင့်မားစွာနဲ့ ကူးစပ်နေပါပြီ။ တူနီးရှားမှာ ကျောင်းသားတစ်ယောက်က ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ရာမှ သမ္မတ ထွက်ပြေးခဲ့ရပါတယ်။ အီဂျစ်မှာလဲ အလားတူမီးရှို့ဆန္ဒပြမှုအပြင်

Thursday, March 15, 2012

ရွှေည၀ါ ဆရာတော် ဆိုတာ.......ဒီလိုပါတဲ့......



ပထမဆုံး ရွှေည၀ါကိစ္စကို အရင်ပြောမယ်။ နတ်စင်လမ်းက သာဓုစာသင်တိုက်က မဟနပိုင်ဖြစ်တယ်။ ခင်ညွှန့်ကို ဖော်လိုဖားထားလို့ ရွှေည၀ါကို နေခွင့်ပြုခဲ့တယ်။ နွေရာသီမှာ ည၀ါသင်တန်း ဓမ္မာစရိယသင်တန်းတွေဖွင့်တယ်။ သင်တန်းမှုးက ညောင်တုန်းမြို့ ရွှေဟင်္သာတောရစာသင်တိုက်က အရှင်သုန္ဒရာဘိဝံသဖြစ်တယ်။ ရွှေည၀ါဆိုတဲ့နာမည်က ဦးသုန်ရဲ့ နာမည်ဖြစ်တယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်စုကြည်ပြောသော ...ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်...

ကမ္ဘာပေါ်တွင် နိုဘယ်ဆုရရှိသူများသည် အမှန်တကယ်ပဲ လေးစားထိုက်သင့်တဲ့ သူပဲ ဖြစ်သင့် အမှန်တကယ်ကိုယ်ကျိုးမကြည့် အများအကျိုးကြည့်သောသူ တွေမို့ လို့ ပါ။ လေးလဲ လေးစားလောက်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ကမ္ဘာ့ငြိမ်းချမ်းရေး ကို အမှန် တကယ်လိုလား၍ ကြိုးစားလုပ်ဆောင်ခဲ့ သူများ တိုင်းပြည်ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား၍ လုပ်ဆောင်ခဲ့ သူများ ဖြစ်လို့ ပါ ။ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကို အမှန်တကယ်သိမြင်၍

Monday, March 12, 2012

မကောင်းကြောင်းဘဲ ပြောတော့မှာလား

   


  ဒေါ်လာရဖို့အတွက် ကိုယ့်နိုင်ငံကြောင်း မကောင်းတာ အကုန်ရေးနေသူတို့ အနေနဲ့ ကောင်းတာလေး တစ်ခု နှစ်ခု လောက်တော့ ရေးသင့်ပါတယ်။ စီးပွားရေး က စီးပွားရေး တစ်ပိုင်းဆိုပေမယ့်၊ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံ ပါပဲ။ ဘယ်လောက် နိုင်ငံသားခံယူ ခံယူ မြန်မာဟာ မြန်မာပါ။ အကြိမ်ပေါင်းများစွာ နိုင်ငံတကာ အလယ်မှာ အမိနိုင်ငံကို သိက္ခာချခဲ့ပြီးပြီ။ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်ကိုဦးတည်နေတယ်၊ ဘယ်လောက်ထိရောက်တယ်၊ အကျိုးဆက်ကို ဘယ်သူတွေခံစားရတယ်၊ နိုင်ငံတော်အတွက် အတွက် အလုပ်လုပ်နေတယ် ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်ကို နိုင်ငံတကာက ဘယ်လိုမြင်အောင်လုပ်နေလဲ ဆိုတာကို ဖြေးဖြေးလေးပဲ စဉ်းစားကြည့်ပါ။ ဘယ်သူတွေ ဘယ်လိုပဲရေးနေရေးနေ၊ ဘယ်လိုပဲလုပ်နေလုပ်နေ။ အဲ့ဒီထဲမှာ ကိုယ်တိုင် မပါအောင် ထိန်းသိမ်းပါ။ နှစ်ပေါင်းများစွာ ဒေါ်လာစား အတိုက်အခံမီဒီယာတွေရဲ့ ကြိုးစားသမျှ ရလဒ်တွေကိုကြည့်ပါ။


http://www.google.com/images?as_q=myanmar&hl=en&gbv=2&btnG=Google+Search&as_epq=&as_oq=&as_eq=&as_sitesearch=&safe=images&as_st=y&tbs=isch:1,itp:photo

Tuesday, March 6, 2012

ခ၇ီး ဘယ်သူပိုေ၇ာက်မလဲ

အတိုက်အခံတွေအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားခဲ့ပေမယ့် ခုထိ ရှေ့ကို တစ်လှမ်းမှကို မရောက်သေးပါဘူး။ အတိုက်အခံတွေရဲ့ အောင်မြင်မှု ဘယ်မှာလဲ၊ ဘာလဲ ဆိုတာ ပြစရာ တစ်ကွက်မှကို မရှိပါဘူး အောင်မြင်မှု သေးသေးလေးတောင် မရှိပါဘူး။ ပြည်တွင်းက အပြစ်မဲ့ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်ရတာနဲ့ နိုင်ငံသိက္ခကျတာပဲ အဖက်တင်တယ်။ အထူးသဖြင့် ပြည်ပကနေ လေနဲ့ တိုက်ပွဲဝင်နေသူတွေ၊ ဘလော့ပေါ်ကနေ ကီးဘုတ်နဲ့ တိုက်ပွဲဝင်နေသူတွေအနေနဲ့ သံဝေဂ တွေလည်း ရသင့်ပါပြီ။

အဝေးကနေ လေးထောင့် ဘီးကြီးပေါ်ထိုင်ပြီး ပြည်တွင်းကလူတွေကို အမျိုးမျိုးဆူအောင်လုပ်၊ ပျက်စီးအောင် လုပ်နေတဲ့ ရှေ့မရောက်တဲ့နည်းလမ်းတွေ၊ အစိုးရလုပ်သမျှ အပြစ်ထိုင်ပြောနေတဲ့ နည်းလမ်းတွေလည်း ဘယ်ပြည်သူကမှ အယုံအကြည်မရှိတော့ပါဘူး။ ကိုယ့်သက်သာမှု ကိုယ်ရှာပြီး အစွမ်းအစ မရှိလို့ လေးထောင့်ဘီး ပေါ်ထိုင်ချင်ထိုင်နေပါ။ ဖြေးဖြေးသွားနေတဲ့လူတွေကိုတော့ မိန်းမတစ်ယောက်လို အတင်းချမနေပါနဲ့တော့။ တကယ် အရည်အချင်း ရှိရင် ဒီထက်ကောင်းပြီး ရှေ့ရောက်မယ့် နည်းလမ်းနဲ့ သက်သေပြပါ။ ကိုယ်တိုင် ဝင်လုပ်ပြီး သက်သေပြပါ။ ပြည်သူတွေ ယုံကြည်လက်ခံ လာအောင် သက်သေပြပါ။ အဝေးကနေ လေနဲ့ အော်နေတာတွေ၊ စာရေး တိုက်ခိုက်နေတာတွေ ရပ်ပြီး လူကိုယ်တိုင် သွားလှုပ်ရှားကြပါ။ အင်တာနက်ပေါ်မှာပဲ သူရဲကောင်း လုပ်မနေကြပါနဲ့တော့ ဒီမို အတိုက်အခံ လေတိုက်ပွဲဝင် အပေါင်းတို့.....။

ဒေါ်လာစားတို့ရဲ့ Hero



၁။ အစိုးရကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ နေ့ချင်း၊ ညချင်း ထောင်ကျခဲ့လျှင် မဟာသူရဲကောင်းဖြစ်၍ ခေါင်းစဉ်မျိုးစုံဖြင့် ဆုတံဆိပ်များစွာ ရရှိသည်။ မည်သည့်မျိုးနွယ်ဖြစ်စေ၊ မည်သည့်အလုပ်တွေ လုပ်ခဲ့သည်ဖြစ်စေ အရေးမကြီး။ ထိုသူ၏ ဂုဏ်ပုဒ်ကို ဒေါ်လာစား အတိုက်အခံဘလော့အားလုံးက ဘုမသိ၊ ဘမသိ ချီးကျူး ထောပနာ ပြု ရေးသား ဖော်ပြကြသည်။

ဒေါ်လာစား ဘလော့ဂါ တစ်ယောက်နှင့်တွေ့ဆုံခြင်း




Q - အစ်ကို့ နာမည်လေး အရင် မိတ်ဆက်ပေးပါအုံး
A - သွင်ကိုကို ပါ


ဒေါ်လာစားတို့ ရဲ့ ၀ါဒီ



မိမိဟာ ပညာမတက်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ်နေပါစေ၊ ကိုယ့်နိုင်ငံထဲမှာ အဆင်မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆိုရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကုနိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ်နေရသူဖြစ်ပစေ၊ ပြည်သူ့အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်းမလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန်သုံးသပ်မှုတွေ လုပ်ပေးရမယ်။

Sunday, February 26, 2012

ဗုဒ္ဓမြတ်စွယ်တော် လှူဒါန်းငွေများ မြန်မာနိုင်ငံသို့ ပြန်လှူဒါန်းမည်


မြန်မာနိုင်ငံတွင် ၄၈ ရက်ကြာ ဖူးမြော်အပူဇော်ခံခဲ့သော ဗုဒ္ဓမြတ်စွယ်တော်ထံ လှူဒါန်းငွေများကို တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ချုပ်က မြန်မာနိုင်ငံ၏ ဗုဒ္ဓမြတ်စွယ်တော်စေတီ မွမ်းမံတည်ဆောက်ရေးနှင့် ဗုဒ္ဓဘာသာနှင့် ကုသိုလ်ကောင်းမှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာတော် Ming Sheng က အတည်ပြု ပြောကြားသည်။ “ပူးပေါင်းလုပ်ဆောင်ရမယ့် အသေးစိတ်ကို နောက်ပိုင်း သတင်းမီဒီယာတွေကို ထုတ်ပြန်ပေးသွားပါမယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားသည်။ ပုံတူပွားထားသည့် မြန်မာနိုင်ငံ ဗုဒ္ဓမြတ်စွယ်တော်၌ အပူဇော်ခံရန်အတွက် ပုံတူပြုထားသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်ရာ ကြာကလပ်သုံးဆူကို မြန်မာနိုင်ငံသို့ လှူဒါန်းမည်ဖြစ်ကြောင်း၊ အခြေခံ၊ အလယ်တန်း၊ အထက်တန်း စာသင်းကျောင်းများ တည်ဆောက်ပေးမည်ဖြစ်ပြီး အတွင်းတိမ် မျက်စိလူနာများအား ခွဲစိတ်ပေးခြင်း စသည့်ကုသိုလ်ဖြစ်လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ပြည်နိုင်ငံရေး သာသနာရေး ဗျူရို ဒုတိယဝန်ကြီး မစ္စတာ Zhang Lebin က ရှင်းပြသည်။ အဆိုပါ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ ဗုဒ္ဓမြတ်စွယ်တော်တိုက် ထိန်းသိမ်းစောင့်ရှောက်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် လေးဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သာသနာရေး ဗျူရိုမှ ကိုယ်စားလှယ်ကိုးဦး စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၁၃ ဦးတို့ တက်ရောက်ခဲ့ကာ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ လင်ကွမ်းစီးဘုရားကျောင်းနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ ချစ်ကြည်ရေး ဘုရားကျောင်း ထူထောင်ရေးဆိုင်ရာကို မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ.ပါသည်။

MyanmarExpress.Net မှ ကူးယူဖော်ပြ